မာရီလင် မွန်ရိုး မာတိကာ ငယ်စဉ်ဘဝ သရုပ်ဆောင် ဘဝ ဘဝနိဂုံး ကိုးကား လမ်းညွှန်မီနူး
နိုင်ငံတကာ ရုပ်ရှင်သရုပ်ဆောင်များအမေရိကန်ပြည်ထောင်စု
နှစ်ဆယ့်တစ်ရာစုမြေခွေး ရုပ်ရှင်ထုတ်လုပ်ရေးကတ္တရာတောအလုံးစုံသော ဧဝအကြောင်းတံခါးမခေါက်နဲ့နိုင်ရဂါရာ
မာရီလင် မွန်ရိုး
Jump to navigation
Jump to search
မာရီလင် မွန်ရိုး (နော်မာ ဂျင်း မော်တန်ဆန်၊ ၁ ဇွန် ၁၉၂၆ - ၅ ဩဂတ် ၁၉၆၂) သည် အမေရိကန်လူမျိုး သရုပ်ဆောင်၊ အဆိုတော် နှင့် ကိုယ်ဟန်ပြမယ် တစ်ဦး ဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၆၀ အစောပိုင်းနှစ်များတွင် ဆွဲဆောင်မှုရှိသောစံပြုရုပ်သွင်အနေဖြင့် ကျော်ကြားလာကာ ငွေကြေးမြတ်စွန်းသည့် ရုပ်ရှင်ဇာတ်ကားအများစုတွင် သရုပ်ဆောင်ခွင့် ရခဲ့သည်။
မာတိကာ
၁ ငယ်စဉ်ဘဝ
၂ သရုပ်ဆောင် ဘဝ
၃ ဘဝနိဂုံး
၄ ကိုးကား
ငယ်စဉ်ဘဝ
၁၉၂၆ ဇွန်လ ၁ ရက်တွင် နော်မာ ဂျင်းန် မော်တန်ဆန် ဟူသော အမည်ဖြင့် မွေးဖွားခဲ့ပြီး နှစ်ခြင်းပြုသော အချိန်တွင် နော်မာ ဂျင်းန် ဘိတ်ကာ ဟူသော အမည်ဖြင့် နှစ်ခြင်း ပြုခဲ့သည်။ မိခင်ဖြစ်သူမှာ စိတ်မတည်ငြိမ်သူဖြစ်သည့်အပြင် ကလေးငယ်အားလည်း စောင့်ရှောက်နိုင်စွမ်း မရှိသောကြောင့် ကာလီဖိုးနီးယားပြည်နယ်၊ ဟောသွန်းမြို့ရှိ အဲဘတ်နှင့် အိုင်ဒါ ဘိုလန်ဒါ တို့က ခုနှစ်နှစ်အရွယ်အထိ မွေးစားခဲ့သည်။[၁]
သရုပ်ဆောင် ဘဝ
မွေးစားမိဘများဖြင့် အချိန်ကုန်ခဲ့သော မွန်ရိုးသည် ကိုယ်ဟန်ပြမယ်အနေနှင့် ခရီးစခဲ့သော်လည်း ၁၉၄၆ ခုနှစ်တွင် နှစ်ဆယ့်တစ်ရာစုမြေခွေး ရုပ်ရှင်ထုတ်လုပ်ရေး၏ ဇာတ်ကားတစ်ခုတွင်ပါဝင်ရန် စာချုပ်ချုပ်ဆိုခွင့် ရခဲ့သည်။ အစောပိုင်းတွင် လူငယ်သရုပ်ဆောင် အနေဖြင့် စတင်ခဲ့သော်လည်း ၁၉၅၀ ခုနှစ်တွင် ထုတ်လုပ်သော ကတ္တရာတော (The Asphalt Jungle) နှင့် အလုံးစုံသော ဧဝအကြောင်း (All About Eve) ဇာတ်ကားတို့ဖြင့် ပရိသတ်လက်ခံမှုကို ကောင်းစွာ ရရှိခဲ့သည်။ ၁၉၅၂ သို့ရောက်သော် တံခါးမခေါက်နဲ့ (Don't Bother to Knock) အမည်ရှိဇာတ်ကားတွင် ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခွင့် ရလာသည်။ ၁၉၅၃ ထွက် နိုင်ရဂါရာ (Niagara) အမည်ရှိ အကြမ်းပတမ်းဇာတ်ကားတွင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ရုပ်မှာ လူကြိုက်များသည်။
ဘဝနိဂုံး
မွန်ရိုး၏ ဘဝနောက်ဆုံးနှစ်များမှာ နာမကျန်းမှုများ၊ ပုဂ္ဂိုလ်ရေးပြဿနာများ၊ သတင်းဆိုးထွက်မှုများနှင့် ရှုပ်ထွေးနေသည်။ သေမှုသေခင်းအရ အိပ်ဆေးအသောက်လွန်သည်ကသာ လက်သည်အဖြစ် မှတ်တမ်းကျန်သော်လည်း ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သည်ဟုထင်မှတ်အောင် ဖန်တီးထားသည့် လုပ်ကြံမှုဟုလည်း လူပြောများသည်။
မွန်ရိုးကို ပေါ့ပ်ဂီတနှင့် ယဉ်ကျေးမှု၏ ပြယုဂ်အဖြစ် ညွှန်းဆိုလေ့ ရှိကြပြီး အမေရိကန်၏ ထင်ရှားသော သင်္ကေတ တစ်ခုအနေနှင့်လည်း ရည်ညွှန်းလေ့ ရှိကြသည်။ ၁၉၆၂ ခုနှစ် ဩဂုတ်လ ၆ ရက်၊ အသက် ၃၆ နှစ်တွင် ကွယ်လွန်သည်။
ကိုးကား
↑ Monroe, Marilyn; Hecht, Ben (2006) "My Story" Taylor Trade Publishing.
ကဏ္ဍများ:
- နိုင်ငံတကာ ရုပ်ရှင်သရုပ်ဆောင်များ
- အမေရိကန်ပြည်ထောင်စု
(window.RLQ=window.RLQ||[]).push(function()mw.config.set("wgPageParseReport":"limitreport":"cputime":"0.052","walltime":"0.063","ppvisitednodes":"value":91,"limit":1000000,"ppgeneratednodes":"value":0,"limit":1500000,"postexpandincludesize":"value":422,"limit":2097152,"templateargumentsize":"value":110,"limit":2097152,"expansiondepth":"value":7,"limit":40,"expensivefunctioncount":"value":0,"limit":500,"unstrip-depth":"value":0,"limit":20,"unstrip-size":"value":354,"limit":5000000,"entityaccesscount":"value":0,"limit":400,"timingprofile":["100.00% 23.778 1 Template:Reflist","100.00% 23.778 1 -total"," 14.09% 3.350 1 Template:Main_other"],"scribunto":"limitreport-timeusage":"value":"0.004","limit":"10.000","limitreport-memusage":"value":522762,"limit":52428800,"cachereport":"origin":"mw1299","timestamp":"20190325125746","ttl":2592000,"transientcontent":false););"@context":"https://schema.org","@type":"Article","name":"u1019u102cu101bu102eu101cu1004u103a u1019u103du1014u103au101bu102du102fu1038","url":"https://my.wikipedia.org/wiki/%E1%80%99%E1%80%AC%E1%80%9B%E1%80%AE%E1%80%9C%E1%80%84%E1%80%BA_%E1%80%99%E1%80%BD%E1%80%94%E1%80%BA%E1%80%9B%E1%80%AD%E1%80%AF%E1%80%B8","sameAs":"http://www.wikidata.org/entity/Q4616","mainEntity":"http://www.wikidata.org/entity/Q4616","author":"@type":"Organization","name":"Contributors to Wikimedia projects","publisher":"@type":"Organization","name":"Wikimedia Foundation, Inc.","logo":"@type":"ImageObject","url":"https://www.wikimedia.org/static/images/wmf-hor-googpub.png","datePublished":"2011-08-12T09:23:24Z","dateModified":"2019-02-11T08:55:53Z","image":"https://upload.wikimedia.org/wikipedia/commons/9/9c/Marilyn_Monroe_in_Niagara.jpg"(window.RLQ=window.RLQ||[]).push(function()mw.config.set("wgBackendResponseTime":126,"wgHostname":"mw1253"););